Saturday, November 16, 2013

ဆေးပညာ-စာရေးသူ (၄)

ဆေးပညာစာရေးသူက မြန်မာစာ ကျူရှင်ဆရာ လုပ်ပါရစေ။ စာရေးတာ၊ စကားပြောတာမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာ စာနဲ့ စကားကို မှန်မှန်ကန်ကန် ပီပီသသဖြစ်အောင် ကြိုးစားသင့်ကြတယ်။ အခုအချိန်မှာ ပြင်လို့ရတာ မှန်သမျှ ဝိုင်းပြင်နေကြတယ် မဟုတ်ပါလား။

ကျွန်တော်တော့ (မိုဘိုင်းလ်) ခေတ်မှာပေါ်လာတဲ့ SMS တွေကို အတတ်နိုင်ဆုံး ရှောင်တယ်။ အလုပ်ဘယ်လောက် များနေနေ စာလုံးအပြည့်ဖြစ်အောင် ရိုက်ပါတယ်။ အတိုကောက်စာလုံးတွေဆိုတာ အဓိပ္ပါယ်ဖေါ်ရာမှာ လွဲနိုင်တယ်။ အတိုကောက်တွေကို နေရာတခုနဲ့တခု အသုံးပြုတာ မတူကြပါ။ ဆေးပညာမှာလဲ မထူးဘူး။ ARV အတိုကောက်ကို အရင်က ခွေးရူးပြန်ကာကွယ်ဆေးလို့ သုံးတာကနေ အခု HIV/AIDS ဆေးလို့ သုံးလာတယ်။ IUD ကို အရင်က သားအိမ်ထဲ ကလေးသေဆုံးတာကို သုံးတယ်။ အခု သားအိမ်ထဲ ပစ္စည်းထည့်တာဖြစ်လာတယ်။

မြန်မာစာအသံထွက်အတိုင်း အင်္ဂလိပ်စာလုံးတွေနဲ့ ရိုက်တာဟာ ကိုယ့်စာနဲ့ စကားကို ပျက်စေတယ်။ အဲလို ကဘောက်တိ ကဘောက်ချာ စာတွေကို ဖတ်နေရတာ အချိန်မရဘူး။ ကျွန်တော့်မှာ အဲဒါမျိုးကို မှန်အောင် ဖတ်တတ်တဲ့ အရည်အချင်း မရှိဘူး။ သူငယ်ချင်းအချင်းချင်းတော့ ထားပါတော့။ ဒါလဲ အားမပေးဘူး။

မြန်မာစာရိုက်တာနေရင်း ဂဏန်းကြတော့ အင်္ဂလိပ်လိုရိုက်ပြီး၊ အောက်ကမြင့်နေရာမှာ (ဖူးလ်စတော့ပ်) ရိုက်ကြတယ်။ (ကီးဘုတ်) ကို တမျိုးတမည်ထွင်ထားသလား မပြောတတ်ဘူး။ ရှစ်တန်းလောက်ရောက်ရင် မြန်မာစာရော အင်္ဂလိပ်စာပါ (ပန်ကျူယေးရှင်း) ကို ကျောင်းမှာသင်ရမယ် ထင်ပါတယ်။ ဝါကျတကြောင်းပြီးရင် (စပေ့စ်) ခြာပြီးမှ နောက်တကြောင်း ရေးရတယ်ဆိုတာ အခြေခံသာဖြစ်ပါတယ်။ ကျန်းမာရေး မေးတာဟာ ရေးဖြေစာမေးပွဲ လုပ်နေတာ မဟုတ်တာ မှန်ပါတယ်။ ဒါပေမဲ့ သတ်ပုံလွဲတာ၊ သဒ္ဒါမမှန်တာ။ အသံထွက် တက်တက်စင် မှားတာတွေ မကြာမကြာ ဖတ်နေရတော့ ပြောချင်လာတယ်။ ရောဂါကို ကုသပေးချင်စိတ်နဲ့ပါ။

အဆင့်စာလုံးတွေကို ကွန်ပြူတာမှာ ရိုက်ရတာ တော်တော့လူအတွက် ခက်တာကိုလဲ နားလည်ပေးနိုင်ပါတယ်။ “မန္တလေး” ကို အဆင့်ရှာဘို့ ကြာနေလဲ “မန်းတလေး” လို့ ရိုက်တာကမှ တော်ပါသေးတယ်။ “မန်းလေး” တဲ့။ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်တော့မယ်။ သူငယ်ချင်းကို “သယ်ရင်း” လို့ ရေးနေကြပြန်တယ်။ ဆရာအောင်ဝေးလဲ သယ်ရင်းမြတ်ခိုင်လို့ ရေးရမလို။

ဆေးခန်းလေးမှာ ပညာသင်ပေးရင်း မှားတာ၊ လွဲတာလေးတွေရှိရင် ထောက်ပြရတာကို လူအများရှေ့မှာ အပြစ်တင် ခံရသူအဖို့ ရှက်မှာပါ။ အမြဲတမ်း “ဆရာ စာသင်ရင် ရီစရာ၊ မောစရာလေးတွေ ထည့်ချင်လို့ ပြောတာနော်။ ကဲရဲ့ချင်လို့ မဟုတ်ဘူး” ဆိုတာ လူသစ်လာတိုင်း ပြောဘို့ မမေ့ပါ။ ဆေးခန်းမှာသာ မဟုတ်ပါ။ မေးသူတွေ ရေးလာတာထဲမှာလဲ ရီစရာလေးတွေ ပါတတ်တယ်။ တလောက “ကျွန်တော့် မိန်းမတယောက်” လို့ရေးတယ်။ တယောက်မက ရှိသူလားလို့ ပြန်မေးချင်တာ။ ပြုံးစရာလဲဟုတ်သလို အိမ်ထောင်ဖက်များသူတွေမယ် ကျန်းမာရေးဘက်မှာလဲ ပိုဂရုထားစရာတွေပါ ရှိသေးတာမို့ မမေးလိုက်ပါ။

“စာရေးရင် ဖတ်တဲ့သူနားလည်ဘို့က ပိုအရေးကြီးတယ်” လို့ လျှောက်လဲချက်မျိုး ကြားလာရတယ်။ ကျွန်တော်တော့ သဘောမတူပါ။ ဆိုပါစို့ လုံခြုံအောင်တော့ ဝတ်ထားပါရဲ့ အင်္ကျီကြယ်သီး အထက်အောက် လွဲတပ်ထားသလိုနဲ့ တူမနေဘူးလား ဆရာဝန်တွေဆိုတာ ဘေးထွက်-ဆိုးကျိုးကို အမြဲကြည့်ကြရပါတယ်။

ကျွန်တော့် လူနာတွေက တော်သေးတယ်။ သီချင်းဆိုတာ၊ ရေဒီယိုမှာလာတဲ့ အသံတွေမှာလဲ တိုင်းရင်းသားမို့ မပီသတာ နားလည်ပါတယ်။ ရွှေဗမာများလဲ စ နဲ့ ဆ လွဲတယ်။ က သတ်နဲ့ တ သတ်၊ မကွဲကြပါ။ ခပ်ဝဲဝဲ၊ ခပ်ချွဲချွဲ စကားဆိုတာ နှစ်ကိုယ်ကြားတော့ ပြောချင်ပြောပေါ။ အများကြားဘို့ ပြောကြရတာ မဟုတ်ပါ။ ကိုယ့်စာ၊ ကိုယ့်စကားကို ကိုယ်တိုင် ဖျက်နေကြလို့ ဆရာဝန် မကုနိုင်တဲ့ရောဂါ ဖြစ်နေတာ စိတ်မကောင်းပါခင်ဗျား။ အောက်ကနမူနာတွေနောက်မှာ အဲလောက်နီးပါး ရှိပါသေးတယ်။ မမှတ်နိုင်တော့ဘူးဗျာ။

ဇာတ်ကြော်ကအမြဲတမ်းနာနေတယ် ဇက်ကြောကအမြဲတမ်းနာနေတယ်
ဖြင့်တာ၁နှစ်ကျော်လောက် ဖြစ်တာ ၁ နှစ်ကျော်လောက်
အရမ်းငြောင်းငြာကိုက်ခဲတယ် အရမ်းညောင်းညာကိုက်ခဲတယ်
နာကြဉ်ကိုက်ခဲနေတယ် နာကျင်ကိုက်ခဲနေတယ်
ရာသီသွေး ဆင်း ရွေ့ ၂ရက်မြောက် နေ့ မှာ ရာသီသွေး ဆင်း၍ ၂ ရက်မြောက်နေ့မှာ
နောက်အကြိန်များတွင်လဲ နောက်အကြိမ်များတွင်လဲ
အသက်ကတော့ 30 ရှိပြီ အသက်ကတော့ ၃ဝ ရှိပြီ
မိန်း မရော. ခလေး ပါ. မိန်းမရော၊ ကလေးပါ၊
သိချင်ဒါက သိချင်တာက
အတူ2နေပြီးရင် အတူတူနေပြီးရင်
တီဗွီရောဂါ တီဘီရောဂါ
အစိုးဆုံးပါ အဆိုးဆုံးပါ
အနီးဆက်စုံး အနီးစပ်ဆုံး
ကွန်ဒွန်၊ ကွန်ဒို ကွန်ဒွမ်
ဌက်နှစ်ကောင်တံဆိပ် ငှက်နှစ်ကောင်တံဆိပ်
သမီး ခလေးအရမ်း လိုချင်ပေမဲ့ သမီး ကလေးအရမ်း လိုချင်ပေမဲ့
ဂရုဏာ တရားတွေကို ကရုဏာ တရားတွေကို
လိပ်ဂေါင်းရောဂါ လိပ်ခေါင်းရောဂါ
ဖျားပြီးတော.ချောင်းဆိုးချွဲကျပ် ဖျားပြီးတော့ ချောင်းဆိုးချွဲကြပ်
ကျွန်တော် မန်းလေးက ကျွန်တော် မန္တလေးက
ဟိုဟာမလာတာလည်း ရာသီ/ဓမ္မတာ မလာတာလည်း
ဆ၇ာဝန်နဲ့ ဘဲပြကြိလိုက်တော့ ဆရာဝန်နဲ့ဘဲ ပြကြည့်လိုက်တော့
အ၇က်ကဒေါ့ အရက်ကတော့
ဖြစ်ခါစ ဖြစ်ကာစ
အရေပြား ဆက်ဆက်မူ အပိုင်းမှာ အရေပြား ဆက်စပ်မူ အပိုင်းမှာ
မျှားနှင့်ကဒ် မြားနှင့်ကဒ်
စမ်းပီးပါပြီ စမ်းပြီးပါပြီ
စအုံနဲ့ စအိုနဲ့
တုတ်ရည်ထွက်နိုင်ပါသလား သုက်ရည်ထွက်နိုင်ပါသလား
စာရေးပီးမေးပါရစေ စာရေးပြီး မေးပါရစေ
မ၇ှိုဘူးစိုဆ၇ာ မရှိဘူးဆိုဆရာ
5မိနစ်လောက် ၅ မိနစ်လောက်
ဆက်စံတဲ့အခါ၅မီးနစ်၁၀မီးဆို ဆက်ဆံတဲ့အခါ ၅ မိနစ် ၁ဝ မိနစ်ဆို
၁ ၇က် ၁ ရက်
အနာသဏ္ဍာန် အနာသဏ္ဌာန်
ပိုပြီးအစဉ်ပြေနိုင်မယ်လို့ထင်ပါတယ်။ ပိုပြီးအဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
ပျော်စေပြတ်စေသဘောနဲ့ ပျော်စေပျက်စေသဘောနဲ့
အနာဂါတ် အနာဂတ်
ဒါဏ်ရာ ဒဏ်ရာ
မခန်မရပ် နိုင်အောင်နာကျဉ်လေ့ရှိပါတယ် မခံမရပ်နိုင်အောင် နာကျင်လေ့ရှိပါတယ်
အရန်းကျေးဇူးတင်ပါတယ်ရှင်။ အရမ်းကျေးဇူးတင်ပါတယ်ရှင်။
သယ်ရင်းတွေကပြောပါတယ် သူငယ်ချင်းတွေက ပြောပါတယ်
အရှေ့အလယ်ပိုင်းပြဿနာပါ အရှေ့အလယ်ပိုင်းဒေသတွေမှာ အလုပ်လုပ်နေသူလားလို့ အထင်မှားစေတယ်။
အန္ဒရယ်ရနိုင်သလား အန္တရာယ်ရနိုင်သလား
ဆရာ့စီကနေလည်းသိချင်လို့ပါ။ ဆရာ့ဆီကနေလည်းသိချင်လို့ပါ။
သွားထက်မစိုက်ဖြစ်ဘူး သွားထပ်မစိုက်ဖြစ်ဘူး
ပြသာနာ ပြဿနာ
တဝက်တပြတ်လောက်မှာ တဝက်တပျက်လောက်မှာ
မျက်စီးကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ် မျက်စီးကိုက်ရင်ခေါင်းပါ ကိုက်ပါတယ်တဲ့။ မျက်စိကိုက်တတ်တဲ့ရောဂါဖြစ်နေပါတယ်၊ မျက်စိကိုက်ရင် ခေါင်းပါ ကိုက်ပါတယ်တဲ့။
အခုထိသွေးစင်းနေတာ အခုထိသွေးဆင်းနေတာ
ကိုယ်ဝင် 3 လ ကိုယ်ဝန် ၃ လ
စောင်ရန်ရှောင်ရန်တွေ ဆောင်ရန်ရှောင်ရန်တွေ
၁လပိုင်း၁ရက်နေ့ကလက်ထက်ပါတယ် ၁ လပိုင်း၊ ၁ ရက်နေ့က လက်ထပ်ပါတယ်
သမီးနံမည် သမီးနာမည်
ပါတဂူနဲ့ ပြဖို့ကြတော့လဲ ပါရဂူနဲ့ ပြဖို့ကြတော့လဲ
ကျန်းမာရေးစောက်ရှောက်မှု ကျန်းမာရေးစောင့်ရှောက်မှု
ဆက်ဆံပြီးဘယ်၂ရက်မြောက်နေ့ မှာ ဆက်ဆံပြီးဘယ်နှစ်ရက်မြောက်နေ့ မှာ
စာကိုလက်ခံရရှိပါတယ် သယ်ရင်း..... စာကိုလက်ခံရရှိပါတယ် သူငယ်ချင်း
အ၇င်၇ည်စား ၇ှိဘူးပါတယ် ၅ေ၇ာက် လောက်ပါ ။ အရင်ရည်စား ရှိဘူးပါတယ်၊ ၅ ယောက်လောက်ပါ။
ဆစ်ဆစ်နဲ့ကိုက်နေပါတယ်။ စစ်စစ်နဲ့ ကိုက်နေပါတယ်။
အပေါက်ဝပုံသဏ္ဍာန်ကိုသ်ချင်ပါတယ် အပေါက်ဝပုံသဏ္ဌာန်ကို သိချင်ပါတယ်
ဆရာစီကအဖြေလေးလည်းသိချင်လို့ပါ ဆရာဆီကအဖြေလေးလည်း သိချင်လို့ပါ
ကျွန်တော် ဒိုလင်မယားမှာ ကျွန်တော်တို့ လင်မယားမှာ
လိုချင် ရက်နက် လိုချင်လျှက်နဲ့
စီးဆစ်ဖို့ ထပ်လိုမလို ဆီးစစ်ဖို့ ထပ်လိုမလို
ပါတဂူဆီမှာ ပါရဂူဆီမှာ
အရိုးအစစ်ကြီးပါတယ်။ အရိုးအဆစ်ကြီးပါတယ်။

သူများအိမ်ခေါင်မိုး ကြည့်ပြောချင်သူဟာ ကိုယ့်တံစက်မြိတ်ကိုလဲ သိရတယ်။ ကျွန်တော်လဲ ကိုယ်ရေးထားတောတွေကို ပြန်ပြန်စစ်ပြီး ပြင်နေရသူသာဖြစ်ပါတယ်။

အစိုးရ သတ်ပုံတော့ ပြောမနေနဲ့ http://my-sayawun-life.blogspot.in/2012/12/blog-post.html
ဆေးပညာ-စာရေးသူ (၃) http://my-sayawun-life.blogspot.in/2011/04/blog-post.html
ဆေးပညာ-စာရေးသူ (၂) http://my-sayawun-life.blogspot.in/2011/03/blog-post_20.html
ဆေးပညာ-စာရေးသူ (၁) http://my-sayawun-life.blogspot.in/2011/03/blog-post.html

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၂

No comments: