Sunday, June 23, 2013

ဖေ့စ်ဘွတ်မှာ အတိုအထွာ

“ဖေ့စ်သစ်ကလေးတွေ ကျန်းမာပါစေ”

• ဖေ့စ်ဘွတ်ကို ဆိုရှယ်ကွန်ယက်အဖြစ် ရည်ရွယ်တာပါ။
• ဘာသာရေးတွေ၊ နိုင်ငံရေးတွေလို မာမာတင်းတင်း အငြင်းပွါးစရာတွေကို ခေါက်ထားလို့ ရပါတယ်။
• လူငယ်တွေ ပေါ့ပေါ့ပါးပါးလေးတွေ ရေးကြတာကို အားပေးပါတယ်။
• တချို့လူငယ်တွေက သီချင်း၊ တချို့က မင်းသမီး၊
• တချို့က ရာသီဥတု၊ တချို့ ဘောလုံးပွဲအုပ်စု၊
• တချို့က ပန်းတွေ၊ လန်းဆန်းလတ်ဆတ်တာတွေ၊
• တချို့က စားစရာ ဝါးစရာ၊ သွားစရာတွေ။
• လူငယ်လေးတယောက်ရေးတာ သဘောကျမိတယ်။ “သင်္ကြန်ကျဘို့က နှစ်ရက်ဘဲလိုတော့တယ်။ ပိုက်ဆံရဘို့ဟာ အမေ့အပေါ်မှာ လုံးဝမူတည်တယ်။ အမေ ကြည်အောင် ဆုတောင်းပေးကြပါဗျာ” တဲ့။ ဖြူတယ်။ လူငယ်ပီသတယ်။ သူငယ်ချင်းတွေနဲ့၊ သူ့အမေဟာ သူ့ကမ္ဘာလို့ ဖေါ်ပြနေတယ်။
• နောက်တယောက်ကတော့ “ဆိုင်ကယ်က ဓါတ်ဆီကုန်နေပြီ၊ ကွန်ပြူတာတွေက မပျက်ကြတော့ဘူးလား” တဲ့။ လောဘမဟုတ်ပါ၊ မတရားလိုချင်တာလဲ မဟုတ်ပါ။
• လူကြီးတွေထက် လူငယ်တွေဟာ ပိုသာ၊ ပိုလိမ်မာကြမယ်လို့ မျှော်ပါရစေ့

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“ထိရောက်ပါပေ (ဖေ့စ်ဘွတ်) စာတွေ”

• ဖေ့စ်ဘွတ်စကား ကျယ်သလားမမေးနဲ့ ဘာသာတရား၊ မေတ္တာတရား၊ ရိုးရိုးသားသား၊ ချဲလင့်စကား၊။
• တချို့သတင်းတွေက စေ့ဆော်မှု အားကောင်းလှ၏။ မျက်ရည်ကျစေ၏၊ စာနာစိတ်ရှိစေ၏၊ ဒေါသထွက်စေ၏၊ သင်္ခန်းစာရစေ၏။
• သံခိပ်အရေး အလွန်တော် (ရှော်) ၏။ ၃-၄ မျက်နှာစာလောက်ကို တကြောင်းထဲနဲ့ သိစေအောင်လုပ်နိုင်၏။
• ဖေ့စ်ဘွတ်မှာ ပါဝါရှိ၏။ သတင်းတပုဒ် တင်ထားယုံနဲ့ မမေးဘဲဖြေစေနိုင်၏။ “ကောင်းတယ်”၊ “မကောင်းဘူး”။ “ချကွာ”၊ “့ ရူး”။

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“ကာလသုံးပါး”

• ပြည်ပရောက်တွေ ၁၉၉ဝ ကိုမျှော်ခဲ့၏၊
• ၂ဝဝ၈ ကနေ နိုင်ငံရေးသမားသစ်များ မွေးဖွါးပေး၏၊
• ၂ဝ၁၂ က ဆို့ထားသမျှ ဖွင့်ပေးရ၏၊
• ၂ဝ၁၃ ခရိုရောင်စုံ အကုန်ချမ်းသာစေ၏၊
• NLD က ၂ဝဝ၈ ကိုပြင်ချင်၏၊
• USDP က ၂ဝဝ၈ ကိုထိန်းထား၏၊
• PR သမား ၂ဝ၁၅ အတွက်ကြိုးစားနေ၏၊
• စစ်တပ်က ၂၅% ကိုစောင့်၏၊
• သံဃာတွေ သာသနာစောင့်၏၊
• နိုင်ငံတကာ အကွက်ကောင်းရလာ၏၊
• မြန်မာပြေ အစာမကျေရောဂါဖြစ်လာ၏၊
• Media သမား တာဝန်သိသော် အကျိုးများစေ၏၊
• ဆိုရှယ်ကွန်ယက် ကလောင်စွမ်းတွေ ထက်၏၊
• အတည်ရေးသော် ပညာရ၏၊
• ရယ်သွမ်းသွေးသော် ရယ်ရ၏၊
• အပျက်အပျော်ရေးသော် ပျက်စီးစေ၏၊

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃) “မတူတိုင်းတော့ ရန်သူမဟုတ်ပါ”

• အဖြစ်အပျက်တခါနဲ့ ဘာသာတတခုလုံး ပျက်သုဉ်းပြီ၊
• တရားစာတခုနဲ့ သဃာထုတရပ်လုံး သုံးမရတော့ဘူး၊
• ခေါင်းစဉ်မှာပေါ်တာနဲ့ ဒီကိုယ်တော် အတော်ရှော်တာဘဲ၊
• မှတ်ချက်လေးတခုဖတ်ပြီး၊ အချီးအနှီးသာဖြစ်တယ်၊
• အမျိုးသမီးဆိုတာနဲ့ အမျိုးသမီးထုကြီး ပျက်စီးအောင်လုပ်တယ်၊ စသဖြင့် စသဖြင့် အတော်ကို လွယ်လွယ် ပြောနေ၊ ရေးနေကြပါကလား။

ကျွန်တော်တော့ ဆရာတော်တွေကဖြစ်စေ၊ ဒေါ်စုကဖြစ်စေ၊ မဂ္ဂဇင်းကဖြစ်စေ ဟောသမျှ၊ ပြောသမျှ၊ ရေးသမျှ စေ့စေ့ငင သိရပြီးမှ ပြောချင်တယ်။ အခုဖြစ်လာတာတွေဟာ ဘယ်ကနေ စေ့ဆော်လာခဲ့သလဲ စောကြောသင့်တယ်။ “အလံရှူး” ဆိုတာ တကြိမ်တခါအတွက်သာ တတ်နိုင်တယ်။ အခုလို တိုင်းပြည်နဲ့လူမျိုးဂုဏ်ကို ထိခိုက်နေတာမျိုးဟာ ကြီးမားတယ်။

အချင်းချင်း အတင်းအဖျင်းရေးနေ၊ ပြောနေကြယုံနဲ့ မလုံလောက်ပါ။ အစိုးရကလဲ အစိုးရတာဝန်၊ ဘာသာအသီးသီးမှာလဲ တာဝန်ကြီးတယ်။ လူမှုအဖွဲ့အစည်းများကလဲ တာဝန်မမဲ့သင့်ကြပါ။ နိုင်ငံခြားမီဒီယာကို မြန်မာမီဒီယာက ဘယ်လို တုန့်ပြန်မလဲ။

တိုင်းပြည်အရေး၊ ပြည်ထောင်စုအရေးဆိုတာ အမြင်တခုတည်း၊ လူမျိုးတခုတည်း၊ ဘာသာတခုတည်း၊ မဟုတ်ပါ။ အင်အားဆိုတာ မတူတဲ့အမြင်တွေ၊ လူမျိုးစုတွေ၊ ဘာသာတွေ စုပေါင်းနိုင်မှသာ ကြီးမားပါမယ်။ ကျွန်တော်တို့ကို ကွဲအောင်လုပ်တာ၊ ဂုဏ်ငယ်အောင်လုပ်တာတွေဟာ အပြင်ကနေလာနိုင်တယ်၊ အထဲမှာလဲရှိနိုင်တယ်။ အခုမှမဟုတ်၊ နောက်မှာလဲ လာနိုင်တယ်။ တဆိတ်ရှိ ကွဲပြဲနေကြတဲ့ “မယဉ်ကျေးမှု” ကို ပြင်ကြရမယ်။

Smile at enemy ရန်သူထိုးနှက်ချက် အပြုံးမပျက် ကျော်လွှားနိုင်ပါစေ။ Don’t be smiled by enemy ရန်သူက ကိုယ့်ကို ရယ်သွမ်းသွေးတာ မခံပါနဲ့။

“ထမင်းရည်သောက်ရာကနေ (ကိုကာကိုလာ) သောက်ချင်လို့ လေချဉ်တက်တာတွေ လာပါအုံးမည်။”

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

“အပြောသမားဆိုတာ ပြောကွက်ကိုသာရှာတယ်၊ ပျော့ကွက်ရှာတာ မဟုတ်ပါ”

မြန်မာပြည်မှာ -
• အနီ (တည်မြဲ ဖဆပလ) နဲ့ အဝါ (သန့်ရှင်း ဖဆပလ) ခေတ်ကို ၁၉၅၈ ကနေ ၁၉၆၂ အထိ ၄ နှစ်ကြာ ဖြတ်ခဲ့ရတယ်။ အပြာ (ပမညတ) လဲရှိတယ်။
• အုပ်ချုပ်သူတွေက (၁) ၁၉၆၂-၁၉၇၃ စစ်စိမ်း၊ (၂) ၁၉၇၄-၁၉၈၈ မဆလ အပြာနု၊ (၃) ၁၉၈၈-၂ဝ၁ဝ စစ်စိမ်းနဲ့ အုပ်စိုးခဲ့ချိန်တွေမှာ လူထုမှာ ဘာရောင်မှမထွက်နိုင်အောင် မွဲခဲ့တယ်။
• ၂ဝ၁ဝ-၂ဝ၁၂ နောက်မှာတော့ အရောင်တွေ စုံလာတယ်။ မကြာခင် ပိုများအုံးမယ်။
• ချွေးရောင်နဲ့ သွေးရောင် ထုံမွှမ်းတာကတော့ အများဆုံးဟာ ကျောင်းသားနဲ့ NLD ဖြစ်ကြတယ်။ နိုင်ငံရေး အဖွဲ့စည်း မဟုတ်တဲ့အထဲမှာ သံဃာတော်တွေလဲ ပါလာတယ်။
• ချွေးထွက်ထွက်၊ သွေးထွက်ထွက် “ပြောကွက်” ကိုသာစောင့်နေသူတွေကတော့ တစက်မှ မညှာကြပါ။ အရေးသမားတွေကလဲ ထိုနည်းအတူ ဤနည်းလည်းကောင်းဘဲ။

ဒေါက်တာတင့်ဆွေ (၂၁-၆-၂ဝ၁၃)

No comments: