Tuesday, July 2, 2013

National Doctors' Day in India ဆရာဝန်များနေ့

• အိန္ဒိယမှာ “ဆရာဝန်များနေ့” ဟာ ဇူလိုင်လ ၁ ရက်နေ့ဖြစ်တယ်။ အနောက်ဘင်္ဂလားနယ်က ဆရာဝန်ကြီး (ချန်ဒရာ ရွိုင်း) ကိုဂုဏ်ပြုတာ ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အမြင့်ဆုံး (ဘားရတ် ရတ်တနာ) ဘွဲ့ကိုရခဲ့သူ ဖြစ်ပါတယ်။ ဆရာဝန်အားလုံးကို ဂုဏ်ပြုတဲ့နေ့ ဖြစ်ပါတယ်။
• အမေရိကားမှာ ပထမဆုံး ဆရာဝန်များနေ့ကို ၃ဝ-၃-၁၉၃၃ နေ့က ဝင်းဒါး၊ ဂျော်ဂျီယာမှာလုပ်ခဲ့တယ်။ ဒေါက်တာ ချားလ်စ် အယ်လ်မွန်းရဲ့ ဇနီးကနေ စခဲ့တာပါ။ ကွယ်လွန်သွားကြတဲ့ ဆရာဝန်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဆုမွန်ခြွေ ကတ်ပြားနဲ့ ပန်းလှလှလေးတွေတွေ ပို့ပါတယ်။ ပန်းနီနီကိုသုံးပါတယ်။ ၃ဝ-၃-၁၉၅၈ ရောက်တော့ အမေရိကန် အောက်လွှတ်တော်ကနေ ဆုံးဖြတ်ချက်တခုချပေးပြီး ဆီးနိတ်ကို နိုင်ငံတော်ဆရာဝန်များနေ့အဖြစ် သတ်မှတ်ဘို့ရာ ပို့ပါတယ်။ ၃ဝ-၁ဝ-၁၉၉ဝ မှာ သမတ (ဂျော့ ဘွတ်ရှ်) ကနေ S.J. RES. #366 ကို လက်မှတ်ထိုးပြီးနောက် Public Law 101-473 ဆိုတာဖြစ်လာတယ်။ ၃ဝ-၃-၁၉၉၁ ကစပြီး "National Doctors Day" ဖြစ်လာခဲ့တယ်။
• ကျူးဘားမှာတော့ လူတွေလေးစားတဲ့ ဆရာဝန် ဒေါက်တာ ကားလို့စ် ဖင်လေးရဲ့ မွေးနေ့ကိုဂုဏ်ပြုပြီး ဒီဇင်္ဘာ ၃ ရက်နေ့ကို “ဆရာဝန်များနေ့” လို့ သတ်မှတ်တယ်။
• အီရန်မှာတော့ သြဂုတ်လ ၁ ရက်နေ့ကို “ဆရာဝန်များနေ့” လို့ သတ်မှတ်တယ်။

Myo Aung ကျနော်တို့ နိုင်ငံမှာ ဘယ်နေ့သတ်မှတ်ရင် ကောင်းပါမလဲ? စည်းလုံးညီညွတ်တဲ့အဖွဲ့အစည်းတစ်ခုဖြစ်ဖို့တော့အမှန် တကယ်လိုအပ်နေတာပါဘဲ။

Tint Swe ကျွန်တော်လဲ သိပ်သိတာ မဟုတ်ဘူးဗျ။ စဉ်းတော့ စဉ်းစားနေမိတယ်။ ဒေါက်တာဘသန်းက အတော်ကြီး စီနီယာကျတယ်။ ဦးနေဝင်းနဲ့ဆက်နေလို့ သဘောတူနိုင်ကြမှာ မဟုတ်ဘူး။ ဒေါက်တာထွန်းရွှေနဲ့ မောင်သင်တို့က စာပေနဲ့ အနုပညာမှာ နာမည်ထွက်ခဲ့တယ်။ လူထုအကျိုးဆောင်ရာမှာ နာမည်ထွက်တာကတော့ မရှိသလောက်ပါဗျာ။ ရှက်မိပါရဲ့။ ခေါင်းတွေအများကြီးစုရင်တော့ ထွက်လာမှာပါ။

No comments: