Tuesday, August 13, 2013

Facebook ဖေ့စ်ဘွတ် ကျေးဇူး

9:55am Aug 8, 2013
ဆရာမင်္ဂလာပါခင်မျာ။ ဆရာကိုရှာနေတာကြာပါပြီ။ မြို့သာမှာ ဆရာတာဝန်ထမ်းဆောင်ချိန်တုန်းက ၁၉၈၁ ဇူလိုင် ၂၅ နေ့က ထူးထူးခြားခြားနဲ့ မွေးပေးခဲ့တဲ့ အမျိုးသမီးမွေးလူနာတစ်ယောက်ကတော့ ကျွန်ကတော့ရဲ့မွေးမေ ဒေါ့့် ပါ။ ကိုယ်ဝန်ဆောင်ပြီး မွေးခါနီးအချိန်မှာ မာလကာသီးစားမိပြီး အူအတတ်ထဲရောက် သွားတယ်လို့ ပြောတာပဲ။ အမေ့ရဲ့ နာကျင်မှုဟာ သားသမီးမွေးဖို့ စိတ်ပျောက်ပြီး အသက်နဲ့ ကလေး လုရမယ့် အချိန်ရောက်ခဲ့လေ။ ကျွန်တော့်ရဲ့ ကျေးဇူးရှင်ဖြစ်တဲ့ ဆရာရယ်၊ ဆရာမကြီနဲ့ ခွဲစိတ်ခန်းမှာရှိခဲ့တဲ့ ဝန်ထမ်းတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော့် နံမည်က့ ပါ။ လက်ရှိကတော့ ရဲအရာရှိ တစ်ယောက်ဖြစ်နေပါပြီ။ ဆရာနဲ့ တွေ့ချင်ပါတယ်။

လွန်ခဲ့တဲ့ ၃၂ နှစ်က၊ ကိုယ်ဝန်ဆောင်နဲ့ အူအတက်ပေါက်လို့ ခွဲစိတ်ပေးခဲ့ရဘူးသူရဲ့ သားတယောက်နဲ့ ပြန်ဆုံးရခြင်းဟာ ဖေ့စ်ဘွတ်ရဲ့ ကျေးဇူးပါ။

ဒေါက်တာတင့်ဆွေ
၉-၈-၂ဝ၁၃

No comments: