Tuesday, April 8, 2014

Paingting-like country ပန်းချီဆန်တဲ့ မြန်မာပြည်

• အထက်တန်းကျောင်းသားဘဝမှာ ပုံဆွဲတယ်။ ဆေးကျောင်းမှာတော့ ရံဖန်ရံခါ ပုံတူလေးတွေ ဆွဲဖြစ်သေးတယ်။ ဆရာဝန်ဖြစ်ကတည်း ဘယ်လိုပန်းချီမှ မဆွဲဖြစ်တော့ပါ။ နိုင်ငံရေးထဲရောက်တော့ ပန်းချီနဲ့ ပိုဝေးသွားတယ်။
• ခွဲစိတ်ဆရာဝန်တိုင်း ဓါးနဲ့ဝေးမနေရဘူး။ ပန်းချီကတော့ မပြောတတ်သေးပါ။
• ဟိုတနေ့က ဒီငုပန်းပင်ဓါတ်ပုံလေး တွေ့တုံးကနေစပြီး ပန်းချီဆွဲချင်တဲ့ဆန္ဒ ပြန်ဖြစ်ပေါ်လာတယ်။
• လက်ထဲမှာတော့ စက္ကူ၊ ခဲတံ၊ စုတ်တံ၊ ရေဆေး၊ ဘာတခုမှ မရှိသေးဘူး။
• ဂျာနယ်တခုမှာ အမေး-အဖြေလုပ်ရတုံး ပြောခဲ့တာရှိတယ်။ “ငယ်ကတည်းက ပုံဆွဲဝါသနာပါတယ်။ အစဉ်အလာ ဆွဲနည်းပါ။ မျဉ်းဖြောင့်၊ အချိုးကျတဲ့ မျဉ်းကွေး၊ (ပါစပက်တစ်) အနီး-အဝေးသဘောကို လက်ခံတယ်။ ညစ်ပေတာမျိုး မကြိုက်ဘူး။ နိုင်ငံရေး လုပ်တဲ့အခါမှာလည်း ဖြောင့်နေတာ၊ ညီညာနေတာ၊ သန့်နေတာမျိုး ဖြစ်ချင်စိတ်က အမြဲလွှမ်းမိုးနေတော့ အဆင်မပြေတာတွေ ဖြစ်ရတော့တယ်။”
• မြန်မာပြည်က ရှုခင်းတွေကို ထိုင်ကြည့်ပြီး ပုံတူတွေကို ဘယ်တော့ဆွဲနိုင်မလဲ မသိပါ။
• မျဉ်းဖြောင့်တွေ၊ အချိုးကျတဲ့ မျဉ်းကွေး၊ စနစ်ကျတဲ့ မျဉ်းကောက်တွေသာ မြန်မာပြည်မှာ ရှိပါစေ။ အညစ်အထေးတွေ ကင်းဝေး ပပျောက်ပါစေ။

ဒေါက်တာတင့်ဆွေ
၈-၄-၁၂ဝ၁၄

No comments: